မင်းတုန်းမြို့ Community centre တွင် အထွေထွေဗဟုသုတပြိုင်ပွဲ ကျင်းပ

မင်းတုန်း ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre တွင် ယမန်နေ့ ညနေ ၂ နာရီက အထွေထွေဗဟုသုတပြိုင်ပွဲ ကျင်းပရာ အ.ထ.က မင်းတုန်းမှ Grade-7 ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ ပြိုင်ပွဲကျင်းပရခြင်းမှာ ကျောင်းသား၊ကျောင်းသူများ စာကြည့်တိုက်ကို အသုံးပြုသည့် အလေ့အထရရှိစေရန်နှင့် ကာယဗလ၊ စိတ္တဗလ၊ ဉာဏဗလ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးက ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင် သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)