စစ်ကိုင်း ဇန်နဝါရီ ၁၉
စစ်ကိုင်းမြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က အဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဝင်းက ပညာရေးစုံ ညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) ဝါးချက် KG ကလေးငယ်များက “အဆိုးလေး” သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း G-11 ကျောင်းသူလေးများက “လောကအားမာန်” သီချင်းဖြင့် လည်းကောင်း သီဆိုဧည့်ခံဖျော်ဖြေပေးခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲများအလိုက် ထူးချွန်စွာဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူလေးများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာ ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ခဲ့ကြ ပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက “ဇာတိမာန်” သီချင်းဖြင့် သီဆို၍ အခမ်းအနားရုပ်သိမ်းပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်