သပိတ်ကျင်းမြို့ ၌ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

သပိတ်ကျင်း ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ရှိ ဆိပ်ကမ်းရပ်ကွက် ရွှေဝါဝင်းခန်းမတွင် (၉-၁-၂၀၂၄) ရက်နေ့မှ (၁၈-၁-၂၀၂၄) ရက်နေ့အထိ (၉) ရက်တိုင်ကျင်းပခဲ့သည့် ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၉ နာရီက အဆိုပါခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနား တက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သရက်တောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိပါလထံမှ ငါးပါးသီလဆောက်တည်ကာ ဆရာတော်/သံဃာတော်များ ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။

ထို့နောက် (၉) ရက်တိုင်တိုင် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခဲ့သည့် ဆရာတော် သံဃာတော်(၂၇)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အောင်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝတ်ရွတ်အသင်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကုသိုလ်ရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)