စဉ့်ကူးမြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်ပြသ

စဉ့်ကူး ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ညနေပိုင်းအထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်တွင် လူငယ်များအတွက် ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သင်ယူမှုအခွင့်အလမ်းနှင့် ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လူငယ်တို့၏ ခေါင်းဆောင်မှုစိတ်ဓာတ်၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်များအတွက် စကားပြောခြင်း အတတ်ပညာ၊ လူငယ်များအတွက် အခွင့်အလမ်း၊ လူငယ်တွေခေါင်းဆောင်ပါ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ ကမ္ဘာတစ်လွှား ကြီးထွားလာသော လူငယ်ထု စသည့် အကြောင်းအရာများ ပါဝင်သော ကဗျာ၊ ကာတွန်း၊ ဆောင်းပါးများအား ပြသထားရာ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်ဆက်)