လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ဝါးခယ်မ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က အ.ထ.က ကနစိုးကုန်းကျောင်း၌ လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကိုကျင်းပခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ လူငယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း‌ပြောကြားပြီး အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမား ပပျောက်ရေးရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားအဓိပ္ပါယ်များ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခြင်း၊ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေးမှ အားကစားအမျိုးအစားနှင့် အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများ၊ အားကစားနှင့်ကျန်းမာ‌ရေးအကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလူငယ်များမှ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာပေဗဟုသုတ စသည့်အကြောင်းအရာများအားဆွေးနွေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်များအား ပြသခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)