တောင်သာမြို့ အနောက်ရပ်အခြေခံပညာ အလယ်တန်းကျောင်း၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များပြသ

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်ပြဘုတ်များကို ယနေ့နံနက်(၁၀)နာရီက အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် တိရစ္ဆာန်များအား ကာကွယ်ဆေးများ လိုက်လံထိုးနှံပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများရှိ တိရစ္ဆာန်များ ကာကွယ်ဆေးများ ထိုးနှံခြင်းများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကာကွယ်ဆေးများ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း Burst Transmission Co.,Ltd ၏ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁ /၂၀၂၄ ) ဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ်တွင် Burst Transmission Co.,Ltd ၏ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁ /၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက သုံးတောင်ကျေးရွာရှိ Burst Transmission Co.,Ltd ၏ သင်တန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ကျိုက်လတ်မြို့နယ် ထရော်ကျေးရွာ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ထရော်ကျေးရွာ တိုက်နယ်ဆေးရုံ ဖွင့်လှစ်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာအထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ကြာအင်းကျေးရွာ ဘောလုံးကွင်းနှင့် ကွမ်ဘီကျေးရွာ ဘောလုံးကွင်းတို့၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အနာ်ရထာခန်းမတွင် ယနေ့နံနက်(၉)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ကန်သုံးဆင့်ကန်ပတ်လမ်း တိုးချဲ့ဆောင်ရွက်နေမှုနှင့် ပုသိမ်-ရှောပြာ-ချောင်းသာကားလမ်း လူသွားလမ်းပလက်ဖောင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ ကန်သုံးဆင့်ကန်ပတ်လမ်းတိုးချဲ့ဆောင်ရွက်နေမှုနှင့် ပုသိမ်-ရှောပြာ-ချောင်းသာကားလမ်း(မိုင်၀/၀မှ ၀/၇.၂၅)အတွင်း ယာဉ်သွားလမ်းချဲ့ခြင်းနှင့် လူသွားလမ်းပလက်ဖောင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဆိုင်ကယ်သွားလမ်းအတွက်(၅)ပေ အကျယ်ကွန်ကရစ်လမ်းနှစ်ဘက်တည်ဆောက်ခြင်း၊ (၅)ပေအကျယ် လူသွားလမ်းနှစ်ဘက် တည်ဆောက်ခြင်းအတွက် မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to