လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးပူးပေါင်းအဖွဲ့ နယ်မြေလုံခြုံရေး ကွင်းဆင်းဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကရင်စုကျေးရွာသို့ သွားရောက်၍ အောက်တိုဘာ (၁)ရက်နေ့မှ (၁၅)ရက်နေ့ထိ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာကောက်ယူနိုင်ရေး နယ်မြေလုံခြုံရေး၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအသိပညာပေးခြင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် လွယ်ကူမြန်ဆန်စေရန် မိမိတို့အိမ်တွင် လက်ရှိနေထိုင်သူဦးရေ၊ ပြည်ပထွက်ခွာသူဦးရေ၊ ရပ်ဝေးသွားရောက်သူဦးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။