မိုးမောက် ဇန်နဝါရီ ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျောင်းသားလူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစသည့် ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်ရွယ်နှောင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောခြင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးဇော်မင်းလတ်က လူငယ်နှင့်အားကစားအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အ.ထ.က - မိုးမောက်ကျောင်းမှ Grade - 8နှင့် Grade -10 တို့မှ ကျောင်းသား ကျောင်းသူများစုစုပေါင်း(၃၀၀)ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)