ငဖဲ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဝန်းအတွင်း၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ Grade-10 ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွှဲပျော်” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ဇင်ပြွန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြား၍ ဇင်ပြွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဌေးက ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရည်တိုးတက်မြင့်မားရေး၊ ကျောင်းပတ်ဝန်းကျင်၊ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မိဘ၊ ဆရာ၊ ကျောင်းသားအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကာယ၊ဉာဏစွမ်းရည်ဆုများ ပေးအပ်ချီးမြှင့်ရခြင်းအကြောင်းရင်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကာယစွမ်းရည်ဆုရရှိသူ (၁၆၅)ဦးနှင့် ဉာဏစွမ်းရည်ဆုရရှိသူ (၄၅)ဦး စုစုပေါင်း (၂၁၀)ဦးတို့ကို ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာဌေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး နေ့လည်ပိုင်းတွင် ကျောင်းသား/သူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)