အ.ထ.က-မိုးမောက်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

မိုးမောက် ဇန်နဝါရီ ၁၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မိုးမောက်မြို့နယ် ရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းသားလူငယ်များ လမ်းမှားမလျှောက်မိစေရန်ရည်ရွယ်၍ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မိုးမောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ခေတ္တမြို့နယ် ရဲမှူးဝင်းညွှန့်က မူးယစ်ဆေးဝါးသမိုင်းကြောင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေး ဟောပြောခြင်း၊ မိုးမောက်မြို့မရဲစခန်း စခန်းမျူး ဒုရဲမှူးသန်းဇော်မင်းက သက်ငယ်မုဒိန်းမှုကျဆင်းရေး အသိပညာပေးဟောပြောခြင်း၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်ဇော်မြင့်က လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ အထက-မိုးမောက်ကျောင်းမှ Grade-8 နှင့် Grade-10 တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀၀)ဦးခန့်နှင့်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မိုးမောက်(ပြန်/ဆက်)