မိုင်းတုံမြို့နယ် အ.ထ.က မိုင်းတုံစာသင်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာသင်ကျောင်းဝန်း၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ''စုံညီပွဲတော် တို့နွဲပျော်''သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။