မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၁

မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်၊ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များနှင့် စီမံအရာရှိများက မိတ်ဆက်ခြင်းများနှင့် ၎င်းတို့၏ ဘာသာရပ်အလိုက် သိကောင်းစရာများအား ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှူး ဒေါ်ဟောင်းနောက သင်တန်းရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လက်ထောက်စာကြည့်တိုက်မှူး ဒေါ်ရွယ်တောင်က စာကြည့်တိုက်နှင့်ပတ်သက်သည့် သိကောင်းစရာများအား ရှင်းလင်းပြောကြားကာ ဘဏ္ဍာရေးရာဌာနမှူး ဒေါ်မြင့်မြင့်ခိုင်က ဘဏ္ဍာရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များက ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)