သဘာ၀ဘေးကြောင့်ပျက်စီးသွားသည့် ပလိပ်-တံတားဦးလမ်းမိုင်(၄/၅-၄/၆)အတွင်းရှိ တံတားအမှတ်(၁/၅) ပန်းလောင်မြစ်ကူးတံတား (၁၆၀)ပေအရှည် ဘေလီတံတားနှင့်ချဉ်းကပ်လမ်းတည်ဆောက်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် သဘာ၀ဘေးကြောင့်ပျက်စီးသွားသော ပလိပ်-တံတားဦးလမ်းမိုင်(၄/၅-၄/၆)အတွင်းရှိ တံတားအမှတ်(၁/၅) ပန်းလောင်မြစ်ကူးတံတားအား ဆောက်လုပ်ရေး၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး တံတားအထူးအဖွဲ့(၄)မှ (၁၆၀)ပေအရှည် (T/SR2 Extra Wide C 100 )ဘေလီတံတားတည်ဆောက်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လမ်းဦးစီးဌာနမှ ချဉ်းကပ်လမ်းတည်ဆောက်ပြီးဖြစ်ပါသဖြင့် ယာဉ်များဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား လိုက်လံကြည့်ရှုအားပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်း စတင်ကောက်ယူနေမှုအား ယနေ့နံနက်ပိုင်းက ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်း‌ေကာ်မတီနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းကလိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။

နတ်မောက်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်နေစေရန် ပလတ်စတစ်သုံးစွဲမှု လျော့ချရေး Campaign ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ကြီးကြပ်ဦးဆောင်မှုဖြင့် ပြည်သူများကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်နေစေရန် ဈေးအတွင်း ရောင်းကုန်ပစ္စည်းများထုပ်ပိုးရာတွင် အသုံးပြုသည့် ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား စက္ကူ၊ အင်ဖက်၊ ငှက်ပျောဖက်စသည့် အခြားထုပ်ပိုးပစ္စည်းများ အစားထိုးအသုံးပြုစေရေး ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း/အပြင်တွင် ဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်( ၁၀ ) နာရီက ပေါင်မြို့နယ် (အ.ထ.က) ဇင်းကျိုက် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ် သက်သာပန်းတောင်းကျေးရွာ၌ (VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှု (၉၃) ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေဖြင့် သက်သာပန်းတောင်းကျေးရွာ၌ ဒေသခံပြည်သူများ ရာသီမရွေးသွားလာရေး အဆင်ပြေစေရန်အတွက် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ (၉၃) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူနေမှုအား ယနေ့နံနက်ပိုင်းက သထုံခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်း‌အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဟားခါးမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ စတင်ကောက်ယူ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံး ကောက်ယူလျက်ရှိရာ ချင်းပြည်နယ် ၊ ဟားခါးမြို့တွင်လည်း အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ကောက်ယူလျက်ရှိသည်။

ကျုံပျော်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များက ယနေ့နံနက် (၇) နာရီအချိန်မှစတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးတွင် မြေပြင်ကွင်းဆင်း၍ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဓနုဖြူမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြို့နယ်စာရင်းစစ်စာရင်းကောက်များက ယနေ့နံနက် ၇ နာရီမှ စတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးတွင် မြေပြင်ကွင်းဆင်း၍ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းများ စတင်ကောက်ယူ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်‌ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းကမြို့ပေါ် (၅) ရပ်ကွက်သို့ စတင်၍မြေပြင်လက်တွေ့ကွင်းဆင်း၍ စာရင်းကောက်ယူခဲ့ကြသည်။
Subscribe to