ပူတာအိုမြို့ အ.လ.ကခွဲ(လယ်မယ်ဝါချီ)ကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပူတာအို ဇန်နဝါရီ ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ ပြင်ပဗဟုသုတရရှိစေရန်နှင့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ဖြစ်လာစေရန်အတွက် ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ နံရံကပ်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ(၁၅)ရက် မွန်းလွှဲ(၂)နာရီက ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စု လယ်မယ်ဝါချီကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကွင်းဆင်းဆောင်ရွက်သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမိုးနိုင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ရှောင်ရှားရမည့် မူးယစ်ဆေးဝါး ခေါင်းစဉ်များဖြင့် အသိပညာပေးဟော ပြောသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ကျောင်းဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများ ကစိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြရာ ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက လိုက်လံရှင်းလင်းပြသပေးခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များပေးအပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)