လားရှိုးမြို့တွင်  (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

လားရှိုး ဇန်နဝါရီလ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ လားရှိုးမြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီ က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်း၊ တာဝန်ရှိသူများနှင့် လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူပေါင်း (၅၈) ဦး ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။                                            

စိုင်းထွန်း (လားရှိုး)