ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ယနေ့နံနက် ၇ နာရီမှစ၍ ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် စာရင်းကောက်အဖွဲ့များမှ စတင် စာရင်း လိုက်လံ ကောက်ယူဆောင်ရွက်လျက်ရှိသည်။

သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၈) နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့ညမှစတင်၍ မြို့ပေါ်ရပ်ကွက်များတွင် စတင်ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းကောက်ယူနေမှုများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း  သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲဝင်ရောက်ရန် စခန်းသွင်းလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေး

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲဝင်ရောက်ရန် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ စခန်းသွင်းလေ့ကျင့်နေမှုများနှင့် ပုသိမ်တက္ကသိုလ် စံပယ်ဆောင်၊ မြကန်သာခန်းမတွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲဝင်ရန်အတွက် ပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်ဆေးနေမှုများကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ကျိုက်မရောမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုများအား တာဝန်ရှိသူများကြည့်ရူ အားပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူနေမှုများအား ယနေ့နံနက်ပိုင်းက မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မူကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသန့်ဇင်တို့က ရပ်ကွက်/ ကျေးရွာများအတွင်း လှည့်လည်ကြည့်ရူအားပေးခဲ့သည်။

ကော့သောင်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မြို့နယ်သန်းခေါင်စာရင်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက သတ်မှတ်နယ်နိမိတ်အတွင်း နေထိုင်သူများအားစာရင်း စတင်ကောက်ယူလျက်ရှိသည်။

ပန်းဘဲတန်းမြို့ ရပ်ကွက် (၁)တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း‌ စတင်ကောက်ယူ

 ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းကို ပန်းဘဲတန်းမြို့နယ်၊ ရပ်ကွက် (၁)၌ ယနေ့နံနက် ၇နာရီအချိန်မှစတင်ပြီး စာရင်းစစ်၊စာရင်းကောက်အဖွဲ့များမှ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အထူးကောက်ယူဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အထူးကောက်ယူခြင်းကို ခရိုင်/မြို့နယ် သန်းခေါင် စာရင်းကော်မတီတို့၏ ကြီးကြပ်မှုဖြင့် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

ကန့်ဘလူမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ် (၁/၂/၃/၄/၅) ရပ်ကွက်များတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာ ၁ ရက်နံနက် ၈ နာရီခွဲကစတင်ကာ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
Subscribe to