ရွှေတောင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်နွားမယံကျေးရွာအုပ်စု၊ ပုတ်တန်းကျေးရွာ၊ ရွာဦးဓမ္မာရုံတွင် ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။