မြို့သစ်မြို့နယ်၊ မင်းရပ်အ.မ.ကကျောင်း၌ လူငယ်ရေးရာ အသိပညာပေး‌ဟော‌ပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မြို့သစ် ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မင်းရပ်အ.မ.က-ကျောင်း၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ယမန်နေ့၊ နေ့လည် (၁) နာရီက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ‌ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဒေါ် ဝင်းအိဇွန်က ပလတ်စတစ်၏ဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာနည်းလမ်းများနှင့် နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်သာယာလှပရေးအတွက် လူငယ်များ စည်းကမ်းရှိပြီး လူ‌တော်လူကောင်းဖြစ်ဖို့ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားရန် လိုအပ်သည့်အကြောင်းများကို ဆွေးနွေးပြောကြားခဲ့သည်။

ထိုနောက် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေး‌နံရံကပ်စာ‌စောင်များကို ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)