လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၉ နာရီအချိန်က နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ညောင်လေးပင်မြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လူငယ်များအသိပညာဗဟုသုတပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က မူလွန်အလယ်ရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အင်းကောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အာစရိယပူဇော်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ပထမအကြိမ် အာစရိယပူဇော်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၁၆ ရက်နေ့နံနက် ၈ နာရီခွဲက အဆိုပါစာသင်ကျောင်း၌ ကျင်းပကြောင်း သိရသည်။

ရွှေကျင်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် ပြုလုပ်ကျင်းပခဲ့သည်။

ရေနံချောင်းတက္ကသိုလ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။

နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ချောင်းနက်ကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာ တောင်သူဦးဘိုဝင်း၏ ယာမြေ (၀.၁၀) ဧကတွင်ကျင်းပခဲ့သည်။ 

ဝိုင်းမော်မြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်တွင် ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမုခ်ဦးတွင် ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်အား ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

နတ်မောက်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် န/ကျားထူး မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့များအား စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက် ၉ နာရီအချိန်က နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် ကောင်းမြတ်သာကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက ကောင်းမြတ်သာ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
Subscribe to