စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ကြီးမှူးကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဓဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များနှင့်ဇနီးများ၊ ဆုရရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သဲကုန်းမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အမှတ်စဥ် (၁/၂၀၂၄-၂၀၂၅) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သဲကုန်းမြို့ အမှတ် (၉၄) စက်မှုလယ်ယာစခန်း သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပင်းတယမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ပြည်တော်သာရပ်ကွက်တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပင်းတယမြို့၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Dr. မို့မို့ကြည်မှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးသင့်ဒဏ်ခံခဲ့ရသည့်အိမ်များရှိ ရေနစ်မြှုပ်ခဲ့သည့် ရေလှောင်ကန်များအတွင်း ကျန်းမာရေးနှင့်ညီညွတ်စွာ အသုံးပြုနိုင်စေရန် သန့်ရှင်းသောရေရရှိစေရန်အတွက် Chlorine ဆေးခတ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့နံနက်ပိုင်းမှစ၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူလျက်ရှိ​သည်။

သာယာဝတီခရိုင်သန်းခေါင်စာရင်းကော်မတီ မင်းလှမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုအား ကြည့်ရှု့အားပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များသည် အောက်တိုဘာ (၁) ရက်နေ့ နံနက်ပိုင်းက မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှု အခြေအနေများအားကြည့်ရှု့ အားပေးခဲ့သည်။

မင်းလှမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မြို့နယ်အဆင့်စာရင်းစစ်/ စာရင်းကောက်များသည် မြို့နယ်အတွင်း ကွင်းဆင်းကောင်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့သည်။

မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးအထူးကုစင်တာ၌ မီးလာင်မှုဖြစ်ပွား

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၂၈x၂၉ လမ်း၊ ၇၄x၇၇ လမ်းကြားရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ အထက်မြန်မာပြည်နှလုံးအထူးကုစင်တာ၊ နှလုံးအထူးကုဌာန၊ စမ်းသပ်ကုသဆောင် ၃ ထပ်ဆောင်၊ မြေညီထပ်၊ ကနဦးစမ်းသပ်ကုသခန်းတွင် အောက်တိုဘာ(၁)ရက် နံနက် ၅ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း‌ကောက်ယူခြင်း အထူးအုပ်စု ကွင်းဆင်းကောက်ယူမှုဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်များသည် မြို့နယ်အတွင်း အထူးအုပ်စုအဖြစ် ကွင်းဆင်းကောက်ယူမှုကို ယမန်နေ့ညနေ (၄) နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြသည်။

မိုးညိုမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့နံနက်ပိုင်းမှစ၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ‌ကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

မင်းဘူးမြို့၌ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကော်မတီ၏ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to