စမ်းချောင်း ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် ( ၁၁:၀၀) နာရီက ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးမှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်စေပြီး ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများအား ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ အမှတ် (၁၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များအား ပေးအပ်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများမှ ပြသထားသော စာအုပ်စာဆောင်များနှင် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း