ရန်ကုန် ဇန်နဝါရီ ၁၈
ကျောင်းသား၊ လူငယ်များအနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကို သိရှိရှောင်ရှား စေရန်အတွက်ရည်ရွယ်ကာ ဆေးရွက်ကြီးအစားထိုးရိက္ခာသီးနှံစိုက်ပျိုး ခေါင်းစဥ်ဖြင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာခရိုင်၊ ကမာရွတ်မြို့နယ် အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဝင် (၂) က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိမ်းလဲ့က ဆုများရွေးချယ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးတို့ကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့နယ်စာရေးဆရာအသင်းမှ ကျောင်းသား၊ ကျောင်းသူများကိုဆေးရွက်ကြီး အန္တရာယ်အကြောင်းကို ကျောင်းသားလူငယ်များ သိရရှောင်ရှားနိုင်ရေး အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ ပြိုင်ပွဲများနှင့်ဟောပြောပွဲမျာကို ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့မှ ပူးပေါင်းစီစဥ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရှိရပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နွယ်