ကျောက်ပန်းတောင်းမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းစစ်စာရင်းကောက်လုပ်ငန်းများ စတင်မှုအား မြို့နယ်တာဝန်ရှိသူများလှည့်လည်ကြည့်ရှုစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း၊ စာရင်းစစ်စာရင်းကောက်လုပ်ငန်းများကို အောက်တိုဘာ(၁)ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ကျေးရွာများတွင် ကောက်ကွက်အလိုက် စတင်ဆောင်ရွက်နေပြီဖြစ်ရာ၊ အဆိုပါ စာရင်းစစ်၊ စာရင်းကောက်လုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။