မိုင်းယုမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ  စတင်ကွင်းဆင်းကောက်ယူ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် နိုင်ငံတော်နှင့်ပြည်သူအတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးစသည့်လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူတစ်ဦးချင်းစီနှင့် ပြည်သူအားလုံး၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်အတွင်းရှိ ပြည်သူတို့၏ နေအိမ်များသို့ လိုက်လံကွင်းဆင်း ကောက်ယူနေလျက်ရှိကြသည်။

ပုလောမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို သန်းခေါင်စာရင်းရည်ညွှန်းချိန်၌ သတ်မှတ်နယ်နိမိတ်အတွင်းနေထိုင်သူများအား စာရင်းစစ်/စာရင်းကောက်များက အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ဖြူးမြို့နယ်တွင် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က စည်ပင်သာယာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးတွင် ယနေ့နံနက်ပိုင်းမှ စတင်၍ မြေပြင်ကွင်းဆင်းကာ ကောက်ယူလျက်ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့၌  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယနေ့နံနက်(၇)နာရီက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများသို့  စတင်ကွင်းဆင်းကောက်ယူကြကြောင်းသိရသည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုအခြေအနေအား တာဝန်ရှိသူများက ကြည့်ရှု့အားပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုကို  အောက်တိုဘာလ (၁) ရက်နေ့ နံနက် (၈) နာရီအချိန်က စတင်ကောက်ယူလျက်ရှိရာ အဆိုပါကောက်ယူမှုအခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။  

ကံမမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကညင်တိုင်းကျေးရွာအုပ်စုတို့၌ စာရင်းကောက် စာရင်းစစ်အဖွဲ့များက အောက်တိုဘာ(၁)ရက် ယနေ့နံနက်ပိုင်းမှစတင်၍ ကောက်ယူခဲ့ကြကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ စတင်ကောက်ယူ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာ စာရင်းကောက်ကွက်အသီးသီး၌ ယနေ့နံနက်ပိုင်းက စတင်ကောက်ယူကြသည်။

ဘိုကလေးမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူမှုအား တာဝန်ရှိသူများလှည့်လည်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား စက်တင်ဘာ(၃၀)ရက် ညဉ့်သန်းခေါင်ယံမှ စတင်ကောက်ယူဆောင်ရွက်ကြရာ ယနေ့နံနက်ပိုင်း၌ မြို့နယ်တွင်းရှိ စာရင်းကောက်ကွက် (၈၁၄) ကွက်အတွင်း စာရင်းကောက်၊ စာရင်းစစ်အဖွဲ့ (၅၈)ဖွဲ့ခွဲ၍ ကောက်ယူနေမှုများကို တာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို သန်းခေါင်စာရင်းရည်ညွှန်းချိန်၌ သတ်မှတ်နယ်နိမိတ်အတွင်း နေထိုင်သူများအား သတ်မှတ်ထားသည့် စာရင်းကောက်ကွက်များ၌ စာရင်းစစ်/ စာရင်းကောက်များက အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြသည်။
Subscribe to