မိုင်းရှူးတွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် သောင်းကျန်းသူများ၊ သာသနာဖျက်မိစ္ဆာများအား ရှုတ်ချကန့်ကွက်ဆန္ဒဖော်ထုတ်သည့် အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ သာသနာဖျက်မိစ္ဆာများအား ရှုတ်ချကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့လယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။