ဒေးဒရဲမြို့နယ် သံဒိဇီးဖြူကုန်းကျေးရွာအုပ်စုတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်

ဒေးဒရဲ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်စေရေးရည်ရွယ်၍ သံဒိဇီးဖြူကုန်းကျေးရွာအုပ်စု၊ အကယ်ချောင်းဝကျေးရွာတွင် ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်း (၃၀၀) ကျေးရွာပြည်သူ ထည့်ဝင်ငွေ သိန်း (၃၀)ဖြင့် အလျား (၁၄၇၂)ပေ၊  အကျယ် () ပေ၊ ထု () လက်မဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ  အလျား(၁၁၂၇)ပေ ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ကျန်ရှိသည့် အလျား(၃၄၅)ပေအား အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၎င်းကျေးရွာချင်းဆက်လမ်းပြီးစီးပါက ကျေးရွာထွက်ကုန်ပစ္စည်းများဖြစ်သည့် စပါးနှင့် ပင်လယ်ရေထွက်ကုန်ပစ္စည်းများအား အခြားတိုင်းဒေသကြီးများသို့ လွယ်ကူစွာတင်ပို့သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း