ရွှေတောင် ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်နွားမယံကျေးရွာအုပ်စု၊ ပုတ်တန်းကျေးရွာ၊ ရွာဦးဓမ္မာရုံတွင် ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဟန်မြင့်ထွန်းနှင့် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မင်းထွန်းက သင်တန်းဖွင့်လှစ်ခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဆုရသင်တန်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို (၄-၁၂-၂၀၂၃)မှ (၁၇-၁-၂၀၂၄)ရက်နေ့ထိ (၄၅)ရက်ဖွင့်လှစ်ခဲ့ပြီး ဒေသခံပြည်သူများ လက်မှုအတတ်ပညာများ အဆင့်မြှင့်တင်နိုင်ပြီး မိသားစုဝင်ငွေများတိုးပွားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)