ဟိုပုံးမြို့ အမှတ်(၃)အ‌ခြေခံမူလတန်းလွန်ကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ဆုရရှိခဲ့သူများအတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ဟိုပုံး ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ မြို့ဦးရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ ဒေသအဆင့်ပညာရေးမှူး၊ ဦးစိုးသစ်နှင့် ဟိုပုံးမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး၊ ဦးဇော်လွင်တို့က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးစိုးအောင်က ကျောင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ကျောင်းအကျိုးတော်ဆောင် နာယကကြီး ဦးအောင်ဆန်းလွင်က ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ပေးသည့် ကျောင်းသား/ကျောင်းသူမိဘများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ဟိုပုံးမြို့ အမှတ်(၃)အခြေခံမူလတန်းလွန်ကျောင်း ကျောင်းသား/ကျောင်းသူလေးများက စုံညီပွဲတော် တူနွှဲပျော်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ရေသန့်စက်ပြုပြင်နိုင်ရေးအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းပေးသည့် အလှူရှင်များအား အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောင်းအုပ်ဆရာကြီးဦးစိုးအောင်က ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ရာ အလှူရှင်များက လက်ခံရယူကြသည်။ 

၎င်းနောက် (မြို့နယ်အဆင့်) အင်္ဂလိပ်စာထူးချွန်ဆုသင်္ချာထူးချွန်ဆုရရှိခဲ့သော ကျောင်းသား/ ကျောင်းသူများနှင့် မူလတန်းအဆင့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်၊ (မြို့နယ်အဆင့်) ပုံပြောပြိုင်ပွဲ‌နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများ၊ စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရည်ထူးချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဒေသ၊ မြို့နယ်ပညာရေးဌာနမှ တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၊ Grade အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများမှ အကပဒေသာများဖြင့် ကပြဖျော်ဖြေကြကြောင်း သိရသည်။ 

အဆိုပါ ပညာရေးစုံညီပွဲတော်သို့ ဒေသ၊ မြို့နယ်ပညာရေးဌာနမှ တာ၀န်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး၊ ‌ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင် နာယကနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရှိရသည်။ 

ပအိုဝ်းဒေသ(ပြန်/ဆက်)