စလင်း ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် သီးနှံအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံ၊ ဆောင်းသီးနှံစိုက်ပျိုးရာ၌ ဆီထွက်သီးနှံစိုက်ဧက (၅၈၃၆၅) ဧကစိုက်ပျိုးပြီးစီးကြောင်းကို စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံဖြစ်သည့် မြေပဲလျာ ထားဧက (၂၄၆၂၇) စိုက်ပျိုးဧက (၃၀၁၆၁) နှမ်းလျာထားဧက (၄၃၇၃၂) စိုက်ပျိုးဧက (၂၁၃၉၄)၊ နေကြာလျာထားဧက (၇၂၂၈) စိုက်ပျိုးဧက (၆၈၁၀) စုစုပေါင်းလျာထားဧက (၇၅၅၇၇) စိုက်ပျိုးပြီး ဧကစုစုပေါင်း (၅၈၃၆၅) ဧကကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့အထိ စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုး တောင်သူများအနေဖြင့် မိမိတို့ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်ရွေးချယ်၍ စိုက်ပျိုးရာ၌၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ ကွင်းသရုပ်ပြပွဲများနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့် သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
(မောင်လွင်)စလင်း