မော်လမြိုင် အောက်တိုဘာ ၂
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုရွေးချယ်နိုင်ရေးအတွက် TOT (Training Of Trainers) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဒေါက်တာအောင်မြတ်ကျော်စိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးကျော်သူရလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုရွေးချယ်နိုင်ရေးအတွက် TOT (Training Of Trainers) သင်တန်းသို့ ခရိုင်ပညာရေးမှူးများနှင့် မြို့နယ်အဆင့် အကောင်းဆုံးကျောင်းဆု ရရှိထားသည့် ကျောင်းများမှကျောင်းအုပ် ဆရာ/ဆရာမကြီး စုစုပေါင်း (၂၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)