‌ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် စာရင်းစစ်/စာရင်းကောက်အဖွဲ့မျာသည် ညောင်ရွှေမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ တစ်အိမ်တက်ဆင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။

သာကေတမြို့နယ်တွင်ခရိုင်အဆင့် အဆင့်မြင့် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်ပွဲကျင်းပ

 ပြည်ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနကကြီးမှူး၍ ဗိုလ်တထောင်ခရိုင်အတွင်းရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီအသင်းအဖွဲ့များပူးပေါင်း၍ ခရိုင်အဆင့် အဆင့်မြင့် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ(၇) ရက်နေ့မွန်းလွဲ ၃ နာရီတွင် ခရိုင်မီးသတ်ဦးစီးမှူး ရုံး၌ကျင်းပခဲ့ရာ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ) ဥက္ကဋ္ဌ ဦးသက်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသင်တန်းသားများတက်ရောက်ခဲ့ကြသည်။

ညောင်ရွှေမြို့နယ် အင်းတိန်ကျေးရွာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများကွင်းဆင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေး ထောက်ပံ့ပစ္စည်းများ ပေးအပ်

ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း ဦးဆောင်သောဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းက အင်းတိန်ကျေးရွာအုပ်စု၊ အင်းတိန်ကျေးရွာ ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီစံကျောင်းတော်၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံခဲ့သည်။

ပဲခူးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ​ကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုအား သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအေးမောင်ကြည်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ပဲခူးမြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူကြမည့် စာရင်းစစ်၊ စာရင်းကောက်များသည် ယမန်နေ့နံနက်ပိုင်းက  လိပ်ပြာကန်ရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ ဇိုင်းဂနိူင်း(မြောက်)ရပ်ကွက်၊ မြို့တွင်းကြီးရပ်ကွက် စသည့်ကောက်ကွက်များတွင် စာရင်းများ ဆက်လက်ကောက်ယူကြခဲ့ကြသည်။

မြောင်းမြတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူး၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါထိန်းချုပ်ရေးသင်တန်းကို ယမန်နေ့ နံနက် (၉)နာရီ အချိန်က မြရွှေဝါခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ဘိုကလေးမြို့နယ်၏ သန်းခေါင်စာရင်းကောက်ယူမှုအား ကျေးရွာများအရောက် တာဝန်ရှိသူများ ကွင်းဆင်း အားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား စက်တင်ဘာ(၃၀)ရက် ညဉ့်သန်းခေါင်ယံမှ စတင်ကောက်ယူဆောင်ရွက်ကြရာ ယမန်နေ့ နံနက်ပိုင်း၌ မြို့နယ်တွင်းရှိ စာရင်းကောက်ကွက် (၈၁၄) ကွက်အတွင်း စာရင်းကောက်၊ စာရင်းစစ်အဖွဲ့ (၅၈)ဖွဲ့ခွဲ၍ ကောက်ယူနေမှုများကို တာဝန်ရှိသူများမှ ကျေးရွာများအရောက် လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ခန္တီးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှု

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၌ ယမန်နေ့ နံနက်ပိုင်းက Moblie Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် စာရင်းကောက်ယူနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေး၊ မြို့နယ်ဦးစီးမှူး ဦးညွှန့်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းဟိန်းစိုး၊ ခရိုင်ရဲတပ်ဖွဲဲ့အကူတပ်ခွဲမှူး ရဲမှူးတင်မောင်ဆွေတို့က လိုက်လံကြည့်ရှုခဲ့ကြသည်။

ကျုံပျော်မြို့နယ်တွင်  မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပိုက်ဆံလျှော် စုပေါင်းကြဲပက်ခြင်း ပြုလုပ်

လယ်ယာမြေ ပျက်စီးခြင်းမှ ကာကွယ်၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရန်၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် လယ်ယာမြေများအတွင်း ပိုက်ဆံလျှော်များ ထည့်သွင်းကြဲပက်လျက်ရှိရာ မျိုးစေ့များ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ကျုံပျော်-ရေကြည် ကားလမ်းမဘေးဝဲယာ၌ မျိုးစေ့များ ကြဲပက်စိုက်ပျိုးခြင်းကို  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ ယမန်နေ့နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေကြီးမှုကြောင့်ပျက်စီးခဲ့သည့် လမ်း/တံများအား အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင်း ရေကြီးရေလျှံဖြစ်ပေါ်မှုများကြောင့် ပျက်စီးခဲ့သည့် ကျွန်းဦးကျေးရွာအတွင်းရှိ လမ်း/တံတားအား ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုဆေးဆေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့အတွင်း ရေများပြန်လည်ကျဆင်းနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ် အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းတွင် ရေဝင်ရောက်လျက်ရှိသည့် ကန္ဒရဝတီတံတား၊ သီရီမင်္ဂလာ(ယာယီ)ဈေး၊ ဒေါနိုးကူးတံတား၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်နှင့် မြို့လယ်မီးပွိုင့်နေရာများ၌ ရေများပြန်လည်ကျဆင်းနေမှု အခြေ အနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to