၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို လွိုင်လင်မြို့နယ်တွင် ဆက်လက်ကောက်ယူ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်ကျေးရွာအလိုက်စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်းကောက်ယူနေမှုကို မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးမိုးမောင်မောင်ခင်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ နယ်မြေမှူးများက ပူပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးရေးသွင်းအားစု ယူရီးယားဓာတ်မြေဩဇာအိတ်များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်းကြီးကြပ်မှုဖြင့် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သီးနှံစိုက်ပျိုးရာသီ မိုးစပါးသီးနှံ ပန်းတိုင်/ မျိုးပြောင်းလဲ/ မျိုးသန့်ပွား၊ ဝါသီးနှံ တိုးချဲ့စိုက်/မျိုးသန့်ပွားနှင့် ဆီထွက်သီးနှံအထူးဇုန် စိုက်ပျိုးထားရှိသည့် စံပြအကျိုးဆောင် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစုအဖြစ် ယူရီးယားဓာတ်မြေဩဇာများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်၌ အသက် (၁၀၀) နှစ်အထက် သက်ကြီးဘိုး/ဘွား (၂၁) ဦးအား အလှူငွေများ ထောက်ပံ့လှူုဒါန်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အသက် (၁၀၀) နှစ်အထက် သက်ကြီးဘိုး/ဘွား (၂၁) ဦးအား အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက ထောက်ပံ့လှူဒါန်းသည့် အလှူငွေများကို ယမန်နေ့က ရပ်ကွက်/ ကျေးရွာများအရောက် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ် အနောက်ရေပြားတောကျေးရွာတွင် (နဝမကြိမ်မြောက်) မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ(၃၉၄)သိန်းကျပ် ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရဲဘော်ကြီးကျေးရွာအုပ်စု၊ အနောက်ရေပြားတော်ကျေးရွာတွင် ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ယမန်နေ့က (နဝမအကြိမ်)မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ(၃၉၄)သိန်းကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံဧက ၂၇၀၀၀ ကျော်လျာထားစိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေများတွင် ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနှင့်ပဲမျိုးစုံဧက ၂၇၀၀၀ ကျော်လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

လဲချားမြို့နယ် အ.လ.က (၁) ကျောင်းတွင် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အ.လ.က (၁) ကျောင်းတွင် ယနေ့နံ​နက် ၁၀ နာရီအချိန်က နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ကွက် (၉၃)ကွက် ကောက်ယူပြီးစီး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ကွက် (၉၃)ကွက် ကောက်ယူပြီးစီးဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကောက်မတီဥက္ကဋ္ဌထံမှ သိရသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးရာသီစိုက်ပျိုးသော ပဲတီစိမ်း ၅၄၁၅ ဧက ရိတ်သိမ်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရာသီအလိုက် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးရာသီစိုက်ပျိုးသော ပဲတီစိမ်း ၅၄၁၅ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုင်းယန်းမြို့နယ် ကျေးရွာများသို့ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ အတွင်း စာရင်းကောက်ယူနေမှုအခြေအနေများကို တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ မိုးစပါး ဆင်ဧကရီ- ၃ တင်း(၁၀၀)အထက် ထွက်ရှိရေး စံပြစိုက်ခင်းစံကွက် ရိတ်သိမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၄-၂၀၂၅ မိုးစပါးတင်း(၁၀၀)အထက် ထွက်ရှိရေး စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to