ဘိုကလေး အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား စက်တင်ဘာ(၃၀)ရက် ညဉ့်သန်းခေါင်ယံမှ စတင်ကောက်ယူဆောင်ရွက်ကြရာ ယမန်နေ့ နံနက်ပိုင်း၌ မြို့နယ်တွင်းရှိ စာရင်းကောက်ကွက် (၈၁၄) ကွက်အတွင်း စာရင်းကောက်၊ စာရင်းစစ်အဖွဲ့ (၅၈)ဖွဲ့ခွဲ၍ ကောက်ယူနေမှုများကို တာဝန်ရှိသူများမှ ကျေးရွာများအရောက် လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
လှည့်လည်ကြည်ရှုအားပေးရာတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ ကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ သန်းခေါင်စာရင်းကောက်ယူနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့်ပြီးစီးရေး၊ စာရင်းအင်းအချက်အလက်များ မှန်ကန်တိကျမှုရှိစေရေးတို့အား လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)