တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်‌‌နေမှုများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များလမ်းညွှန်မှာကြား

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည်  တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ  ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်  အပြည်ပြည်ဆိုင်ရာနယ်စပ်အဝင်/အထွက်ဂိတ် မုခ်ဦးအပါ အဆောက်အဦတည်ဆောက်သည့် လုပ်ငန်းနေရာနှင့် ကော့သောင်းခရိုင်နှင့် မြို့နယ်တရားရုံး သစ်ဆောက်လုပ်နေသည့် အဆောက်အဦနေရာများသို့  ယမန်နေ့နံနက်ပိုင်းက သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ဒလမြို့နယ်၌ အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်နည်း သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့၌  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သန်လျင်ခရိုင်မှ ကြီးမှူးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းအစီအစဥ်ဖြင့် အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်း ပြုပြင်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန် ကကမာကဆစ်ရပ်ကွက် အလယ်ကျောင်းပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (၇)ရက်မြောက် ကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှု

နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ ရပ်ကွက်၊ ကျေးရွာအလိုက် အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ ယနေ့(၇)ရက်မြောက်နေ့‌နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ လူမူရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာအတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ကောက်ကွက်ပေါင်း (၂၈၀) ကွက် ကောက်ယူပြီးစီး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက်များ ကောက်ယူခြင်းကို အောက်တိုဘာ(၆) ရက်နေ့အထိ ကောက်ကွက်ပေါင်း (၂၈၀) ကွက် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Subscribe to