ပေါင်းတည်မြို့၌ စျေးကွက်အတွင်းရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးများနှင့် အသင့်စား စားသုံးကုန်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ တိုင်းရင်းဆေးဝါးအရောင်းဆိုင်များနှင့် အသင့်စားစားသောက်ကုန်များ ရောင်းချသည့်ဆိုင်များသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနအဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။