စကုမြို့၌ (၂၂)ကြိမ်မြောက် စကုမြို့နယ်လုံးဆိုင်ရာ အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ (၂၂)ကြိမ်မြောက် စကုမြို့နယ်လုံးဆိုင်ရာ အာစရိယပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က စကုမြို့ အမှတ်(၁)ရပ်ကွက်၊ ဈေးရပ်ရှိ စကုမြို့နယ်လုံးဆိုင်ရာ နေ့စဉ်အရုဏ်ဆွမ်းလောင်းလှူရေးအသင်း ဂေါ်ဆွမ်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။