ညောင်ရွှေ အောက်တိုဘာ ၈
မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် စာရင်းစစ်/စာရင်းကောက်အဖွဲ့မျာသည် ညောင်ရွှေမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ တစ်အိမ်တက်ဆင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုတွင် မြေပြင်စာရင်းကောက်အဖွဲ့များမှ တစ်အိမ်တက်ဆင်းသွားရောက်၍ လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းများတိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက်(၆၈)ချက်တို့ကို ကောက်ယူမေးမြန်းလျက်ရှိသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် ကော်မတီဝင်များ၊ တိုက်နယ်အလိုက် ကြီးကြပ်အဖွဲ့ဝင်များက ပူးပေါင်းဆောင် ရွက်လျက်ရှိကြကြောင်းနှင့် ညောင်ရွှေမြို့နယ်အတွင်း စာရင်းကောက်အဖွဲ့(၄၃)ဖွဲ့ဖြင့် ကောက်ကွက် (၃၉၁)ကွက်ကို ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ