ပဲခူးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ​ကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုအား သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအေးမောင်ကြည်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ပဲခူး အောက်တိုဘာ ၈

ပဲခူးမြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူကြမည့် စာရင်းစစ်၊ စာရင်းကောက်များသည် ယမန်နေ့နံနက်ပိုင်းက  လိပ်ပြာကန်ရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ ဇိုင်းဂနိူင်း(မြောက်)ရပ်ကွက်၊ မြို့တွင်းကြီးရပ်ကွက် စသည့်ကောက်ကွက်များတွင် စာရင်းများ ဆက်လက်ကောက်ယူကြခဲ့ကြသည်။

အဆိုပါကွင်းဆင်းကောက်ခံရာသို့ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအေးမောင်ကြည်နှင့်  တိုင်း၊ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပဲခူးမြို့နယ်အတွင်း၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၀၆)ခု၊ ကောက်ကွက်ပေါင်း(၈၇၄)ကောက်ကွက်ရှိရာ စာရင်းစစ်၊ စာရင်းကောက်(၃၃၆)ဦးတို့မှ အဖွဲ့(၆၂)ဖွဲ့ခွဲ၍ အောက်တိုဘာလ(၁) ရက်နေ့မှစတင်ပြီး လိုက်လံကောက်ခံလျက်ရှိကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)