ကျွန်းလှမြို့တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ဆုချီးမြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green Schools Award) ဆုချီးမြှင့်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက ကျွန်းလှမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ပေးအပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေစေရေး၊ မွေးမြူရေး၊ အသားငါးကဏ္ဍထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ဝင်းစိန်မွေးမြူရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်သို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ယနေ့ ၈ နာရီက ရပ်ကွက်/ ကျေးရွာများ၌ ကွင်းဆင်းကောက်ယူလျက်ရှိရာ မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများ ဆက်လက်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် KG မှ Grade-12 အထိ ယနေ့နံနက် ၉ နာရီအချိန်၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ တောင်သူများအား သွင်းအားစုကွန်းပေါင်းဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄-၂၀၂၅ခုနှစ်၊ ဝါသီနှံတိုးချဲ့ ရေးစီမံကိန်းအရ ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးသော တောင်သူများအား သွင်းအားစုကွန်ပေါင်းဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈:၃၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ရာ ဖိတ်ကြားထားသည့် တောင်သူဦးကြီးများ တက်ရောက်ကြသည်။

ပွင့်လင်းရာသီအမီ တန်ခိုးကြီးဘုရားများနှင့်အထင်ကရနေရာများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အတွင်းရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်လင်းရာသီအမီ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တန့်ယန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်၌ ကျင်းပခဲ့သည်။

မကွေးမြို့နယ် သံဘိုရွာသစ်ကျေးရွာတွင် ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ စာအုပ်စာပေများ အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရန် စာကြည့်တိုက်အဆောက်အအုံသစ် ဖွင့်လှစ်

စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ဖွင့်လှစ်သည့် မကွေးမြို့နယ်၊ သံဘိုရွာသစ်ကျေးရွာရှိ အလင်းအိမ်စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါစာကြည့်တိုက်၌ ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “ရေကြီးရေလျှံမှုဖြစ်ပေါ်၍ ရေများပြန်လည်ကျသည့်အချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန်၊ ထိုသို့ဆောင်ရွက်နိုင်ရန် လူအင်အား၊ ယာဉ်၊ ယန္တရားပစ္စည်းများ ကြိုတင်စီစဉ်ထားကြရန်နှင့် အမှိုက်သရိုက်များကင်းစင်ရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီး စသည့် မြို့အင်္ဂါရပ်နှင့်အညီဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ရေး၊ သွားလာမှုချောမွေ့ရေးအတွက် လမ်းများပြန်လည်ပြုပြင်ရေးနှင့် တံတားများ၏ ကြံ့ခိုင်မှုအား ပြန်လည်စစ်ဆေး၍ ပြုပြင်ရန်ရှိသည်များ အမြန်ပြုပြင်ရေး၊ ပျက်စီးဆုံးရှုံးမှုစာရင်းများအား မှန်ကန်စွာပြုစုတင်ပြရေး၊ ရေနစ်မြှုပ်ခဲ့သည့် စိုက်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် စပါး၊ မျိုးစေ့နှင့် မြေဩဇာ စသည်များ ထောက်ပံ့နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်လုပ်ကိုင်နိုင်ရေး ပံ့ပိုးကူညီသွားရေး၊ စာသင်ကျောင်းများ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်သူများနှင့် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျစီမံဆောင်ရွက်ရန်” စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to