ခန္တီးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှု

ခန္တီး အောက်တိုဘာ ၈

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  အောက်တိုဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၌ ယမန်နေ့ နံနက်ပိုင်းက Moblie Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် စာရင်းကောက်ယူနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေး၊ မြို့နယ်ဦးစီးမှူး ဦးညွှန့်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းဟိန်းစိုး၊ ခရိုင်ရဲတပ်ဖွဲဲ့အကူတပ်ခွဲမှူး ရဲမှူးတင်မောင်ဆွေတို့က လိုက်လံကြည့်ရှုခဲ့ကြသည်။

ခန္တီးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရမည့်ကောက်ကွက်ပေါင်း(၁၁၀)ရှိသည့်အနက် အောက်တိုဘာလ(၆)ရက်နေ့အထိ ကောက်ကွက်(၂၇)ကွက် ကောက်ယူပြီးဖြစ်ရာ ၂၄.၅၄ ရာခိုင်နှုန်း ကောက်ယူပြီးဖြစ်၍ သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့်ကောက်ယူပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)