ညောင်ရွှေမြို့နယ် အင်းတိန်ကျေးရွာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများကွင်းဆင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေး ထောက်ပံ့ပစ္စည်းများ ပေးအပ်

ညောင်ရွှေ အောက်တိုဘာ ၈

ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း ဦးဆောင်သောဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းက အင်းတိန်ကျေးရွာအုပ်စု၊ အင်းတိန်ကျေးရွာ ဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီစံကျောင်းတော်၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကကဋ္ဌက အင်းတိန်ကျေးရွာနှင့် ပတ်ဝန်းကျင်တွင်ရေဘေးတွေ့ကြုံခံစားခဲ့ရမှုအပေါ် အားပေးစကားပြောကြား၍ ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာမှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရေဝင်‌ရောက်ခဲ့သည့် စာသင်ကျောင်း‌၊ ဈေး၊ ဒေသစာရီစံကျောင်းတော်တို့၌ သန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ဒေသလုံခြုံရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းပြောကြားခဲ့ကြပြီး ကျန်းမာရေးဌာနမှ ကျန်းမာရေးဆိုင်ရာများ အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် အ.ထ.က(ခွဲ)အင်းတိန်ရှိ ဆရာ/ဆရာမများနှင့် ရေနှင့်မျောပါပျက်စီးခဲ့သည့် အိမ်(၂၅)လုံးအတွက် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး အင်းတိန်ဈေးအတွင်း စက်ယန္တယားများနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ကြောင်းနှင့် အင်းတိန်အ.ထ.က(ခွဲ)ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြား‌နေပြီဖြစ်ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ