သာကေတမြို့နယ်တွင်ခရိုင်အဆင့် အဆင့်မြင့် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်ပွဲကျင်းပ

သာကေတ အောက်တိုဘာ ၈

 ပြည်ထဲရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနကကြီးမှူး၍ ဗိုလ်တထောင်ခရိုင်အတွင်းရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီအသင်းအဖွဲ့များပူးပေါင်း၍ ခရိုင်အဆင့် အဆင့်မြင့် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ(၇) ရက်နေ့မွန်းလွဲ ၃ နာရီတွင် ခရိုင်မီးသတ်ဦးစီးမှူး ရုံး၌ကျင်းပခဲ့ရာ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ) ဥက္ကဋ္ဌ ဦးသက်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များသင်တန်းသားများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဗိုလ်တ​ထောင်ခရိုင် မီးသတ်ဦးစီးမှူး ဦးကိုကိုကြီးက ခရိုင်အဆင့်အဆင့်မြှင့်မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။ ဆက်လက်ပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဥက္ကဋ္ဌ) ဒေါ်ခင်ဝင်းကြည်က သင်တန်းသား ထောက်ပံ့ကြေး အားပေးအပ်ခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့သည်။

လ်တထောင်ခရိုင်အတွင်းရှိ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်များရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့အစည်းများပါဝင်သော သင်တန်းသား(၅၀)ဦးဖြင့် ဖွင့်လှစ်သော ခရိုင်အဆင့် အဆင့်မြင့် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသင်တန်းအား အောက်တိုဘာလ(၇)ရက်နေ့မှ (၂၅)ရက်နေ့အထိ သင်တန်းမှူး (၂ ) ဦး၊ သင်တန်းနည်းပြ(၄)ဦးတို့ဖြင့် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီအထိ စာတွေ၊ လက်တွေ့ သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန့်/ဆက်)