ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေကြီးမှုကြောင့်ပျက်စီးခဲ့သည့် လမ်း/တံများအား အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင်း ရေကြီးရေလျှံဖြစ်ပေါ်မှုများကြောင့် ပျက်စီးခဲ့သည့် ကျွန်းဦးကျေးရွာအတွင်းရှိ လမ်း/တံတားအား ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုဆေးဆေးခဲ့သည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများက တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုဖြစ်ပေါ်ခဲ့သည့်အတွက် ကျွန်းဦးကျေးရွာအတွင်း ပျက်စီးခဲ့သည့် လမ်း/တံတားများအား ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ သွားလာရေးအဆင်ပြေစေရေးအတွက် ပျက်စီးနေသည့် လမ်း/တံတားများအား အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေး၊ ကျေးရွာအတွင်း ရေဝပ်နေသည့်နေရာများမှ ရေများအား ရေစုပ်စက်များဖြင့် စုပ်ထုတ်နိုင်ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများအတွင်းရှိ အမှိုက်များ၊ နုန်းများအား ဖယ်ရှားရှင်းသွားရန်နှင့် အခြားလိုအပ်သည်များအား တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)