ပြင်ဦးလွင်ခရိုင်၌ အခြေခံလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ 

ပြင်ဦးလွင် အောက်တိုဘာ   ၈ 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မိသားစုဝင်ငွေတိုးပွားစေပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းများမှတစ်ဆင့် MSME လုပ်ငန်းများအထိ ချဲ့ထွင်နိုင်ပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အခြေခံလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိ သူများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ  မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ ဌာနမှအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအကြောင်းအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး  တာဝန်ရှိသူများက အခြေခံလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းတွင် ထူးချွန်သင်တန်းသား(၃)ဦးအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြ၍ သင်တန်းဆင်းလက်မှတ်များ   ပေးအပ်ခဲ့ကြသည်။

ယခုဖွင့်လှစ်ခဲ့သော အခြေခံလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းတွင် သင်တန်းသား (၂၀) ဦးအား ဝါယာရိန်းသွယ်တန်းခြင်း၊ ဝါယာရိန်းပြုလုပ်ခြင်း၊ အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်နည်း၊ ဝါယာအရွယ်အစားရွေးချယ်ခြင်း၊ ဘရိတ်ကာများ ရွေးချယ်အသုံးပြုခြင်းနှင့် လျှပ်စစ်သွယ်တန်းခြင်းဆိုင်ရာလုပ်ငန်းများကို စက်တင်ဘာလ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ (၁၅) ရက်ကြာ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)