လိပ်သိုမြို့တွင် ဒေသထွက်ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

လိပ်သို အောက်တိုဘာ  ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသနေပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ဒေသထွက်ကွမ်းသီးအခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ဒေသနေပြည်သူများမှာ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိကြောင်း၊ ကွမ်းသီးများကို ရင့် မှည့်ချိန်ပေါ်မူတည်၍ တစ်နှစ်လျှင် (၃) ပြန် ခူးလေ့ရှိပြီး အခွံချွတ်၊ နေလှန်း၊ အခြောက်ပြုလုပ်ကာ ပြောင်ကြီး၊ ပြောင်နီ၊ ရွေးသီး၊ ကြက်ချေးသီး စသည်ဖြင့် အမျိုးအစားခွဲထုတ် ရောင်းချကြကြောင်း သိရသည်။

လိပ်သိုမြို့ပေါ်၌ ကွမ်းသီးခြောက် အနီတစ်ပိဿာလျှင် (၁၅၀၀ဝိ/-)ကျပ်နှင့် အဖြူတစ်ပိဿာလျှင် (၇၀၀ဝိ/-) ကျပ်အထိ စျေးရရှိနေကြောင်း၊ယခုနှစ်တွင် ကွမ်းသီးအဝယ်ဒိုင်များက ကွမ်းသီးနုများ စျေးကောင်းပေး၍ဝယ်ယူသောကြောင့် ကွမ်းသီးအနုဆွတ်ခူးရောင်းချသူ များလာသဖြင့် ကွမ်းသီးအခြောက်များ အထွက်နှုန်းကျဆင်းလာကြောင်း ကွမ်းသီးစိုက်ပျိုးသူတစ်ဉီးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)