မြစ်သားမြို့နယ် သမတန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်ပါကူညီပို့ဆောင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သမတန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းများအား မြစ်သား မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦး‌ဆောင်ကာ လိုက်ပါကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တာလေမြို့၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၉/၂၀၂၄) ဖွင့်လှစ်

မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး တောင်သူများအား နည်းပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေသည့်   စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၉/၂၀၂၄) ကို ယမန်နေ့က ချောင်းဆုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ် (၃) အရ ကိုရီးယားနိုင်ငံမှလှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်

ပြည်မြို့၊ တည်ဆောက်ရေး (၂) အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ် (၃) အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်အတွင်း သီးထပ်စွမ်းအား ရိုးပြတ်မကျန်စိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံပွဲကျင်းပ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဟိုပင်)အား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆောင်းသီးထပ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲက မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်များအတွင်း တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ကြက်ခြေနီအသင်းခွဲမှ လက်ရှိရေဝင်ရောက်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆားပစ္စည်းများ သွားရောက်ကူညီလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြစ်သားမြို့နယ်အတွင်း လက်ရှိရေဝင်ရောက်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ပြင်စည်ကျေးရွာအုပ်စု ဖြိုးမောက်ဆီဆိုင်မိသားစုမှ လာရောက်လှူဒါန်းခဲ့သည့် ဆန်၊ ဆီ၊ ဆားအစရှိသည့် လှူဒါန်းပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ Smart Village စီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် စံပြကျေးရွာ၌ ဒေသခံပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Smart Village စီမံကိန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌လူငယ်ရေးရာအသိပညာပေးကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံကျောင်းသား လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ လူငယ် ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ပုန်းလောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်အတွင်း ရေပြည်လည်ကျဆင်းသွားသည့်နေရာများ၌ သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့်ရပ်ကွက်များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ပြည်သူများက အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိနေသည်။ ယနေ့နံနက်က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ရေပြန်လည်ကျဆင်းသွားသည့် မင်းစုရပ်ကွက်၊ မြို့လယ်မီးပွိုင့်နှင့် လမ်းသွယ်များတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ရပ်ကွက်ပြည်သူများစုပေါင်း၍ လမ်းမကြီးပေါ်ရှိ သဲနှုန်းများကင်းစင်ရေး၊ လမ်းဘေးဝဲယာရှိ ချုံနွယ်နှင့်အမှိုက်များ ရှင်းလင်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ရပ်ကွက်နေပြည်သူများက မိမိတို့နေအိမ်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေးကို ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Subscribe to