တံတားဦးမြို့နယ်၊ ကန်ချောကျေးရွာအုပ်စု ရေဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ကန်ချောကျေးရွာအုပ်စု ရေဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ခြင်းကို တံတားဦးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အောက်တိုဘာလ(၁၀)ရက်နေ့ နံနက်(၁၀)နာရီတွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘဆရာအသင်းနှစ်ပတ်လည် အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိခန်းမ၌ ကျင်းပသည်။

တံတားဦးမြို့နယ်တွင် သန်းခေါင်စာရင်း လက်တွေ့ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် စာရင်းစစ်/စာရင်းကောက်သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သူများက မြေပြင်တွင် လက်တွ့ကွင်းဆင်းပြီး Mobile Tablet များအသုံးပြု၍ ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့တွင် ဆက်လက်ဆောင်ရွက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် သဘာဝဘေးဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် လင်းခေးခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူတို့နှင့်အတူ ယမန်နေ့နံနက်(၁၀)နာရီက လင်းခေးခရိုင်၊ နွယ်ဝတီခန်းမ၌ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများဆောင်ရွက်ရန်နှင့် သဘာဝဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ခရိုင်၊ မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံသည်။

နတ်မောက်မြို့နယ် မြို့မရပ်ကွက် စုံနံသာမြိုင်စာကြည့်တိုက် အဆင့်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး      

နိုင်ငံတော်အစိုးရက ပြည်သူများ စာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များ ဖွင့်လှစ်ထားရှိနိုင်ရေးနှင့် ရပ်ကွက်/ကျေးရွာအတွင်း စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေးတို့ကို အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့လှူဒါန်ငွေဖြင့် နတ်မောက်မြို့နယ် မြို့မရပ်ကွက်ရှိ စုံနံသာမြိုင်စာကြည့်တိုက်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ နေ့လည် (၂) နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။      

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့ မဲနယ်တောင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများထိုးဆင်းတိုက်စားခဲ့သဖြင့် တောင်ပြိုခြင်း၊ လမ်းသားပဲ့ကျပျက်စီးခြင်း၊ သစ်ပင်များလဲခြင်းတို့ကြောင့် ပိတ်ဆို့မှုဖြစ်နေသည့် တောင်ပြိုမြေများနှင့် သစ်ပင်ကိုင်းများရှင်းလင်းခြင်းကို ယမန်နေ့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ကူမဲမြို့နယ်ခွဲတွင် ရေဘေးသင့်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပုံးများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ရေဘေးသင့်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပုံးများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းဘူး (စကု) မြို့နယ်၌ နွေစပါးဧက ၁၇၀၀ ကျော် လျာထားစိုက်ပျိုးသွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်၌ မိုးစပါး ဧက ၁၇၃၂ ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျိုက်ထိုမြို့နယ်ရှိ ပြည်သူများ သက်သာချောင်ချိသောဈေးနှုန်းဖြင့် စားသောက်နိုင်ရန် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်ဖြန့်ဖြူးသူများက ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများသက်သာ ချောင်ချိသည့်ဈေးနှုန်းဖြင့် စားသောက်နိုင်ရန်စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီတွင် မြောက်ပိုင်းရပ်ကွက် မြို့မဈေးဝင်းအတွင်း၌‌ဈေး‌ရောင်းချပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Subscribe to