စမ်းချောင်းမြို့နယ်တွင် Pfizer (Original Strein) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး စတင်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ အမှတ် (၃) ရတနာပုံလမ်း အ.မ.က (၃) ကျောင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုး Centre တွင် ယနေ့နံနက် (၉) နာရီက Pfizer (Original Strein) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လသာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊​ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဗဟိုစံပြခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ညောင်ပင်ကျေးရွာတွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က အဆိုပါလမ်းတွင် ကျင်းပခဲ့သည်။

ပထမပြန်စာမေးပွဲ‌အောင်သံဃာတော်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ကသစ်ကုန်းအရိမဒ္ဒနာရာမပရိယတ္တိစာသင်တိုက်၏ ဘဝနတ်ထံစံလွန်‌တော်မူသော ဆရာတော်ကြီး (၃) ပါးနှင့် ပထမပြန်စာမေးပွဲအောင်သံဃာတော်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ‌နေ့နံနက် ၁၀ နာရီအချိန်က ကသစ်ကုန်းအရိမဒ္ဒနာရာမပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့‌ကြောင်း သိရသည်။

ပဲခူးမြို့၌ ကရာတေးအခြေခံကိုယ်လုံပညာသင်တန်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အခြေခံကိုယ်လုံပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။

တိုက်ကြီးမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၁ နာရီအချိန်က အင်္ဂလားရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်၌ လမ်းမီးများ စစ်ဆေးပြုပြင်ခြင်းနှင့် အသစ်လဲလှယ်ခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အများပြည်သူများ ညအချိန်တွင် သွားလာမှုလွယ်ကူစေရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်နှင့် မော်တော်ယာဉ်များ အန္တရာယ်ကင်းစွာမောင်းနှင်နိုင်စေရန်၊ ခိုးဆိုးလုယက်သူများအန္တရာယ်မှ ကာကွယ်နိုင်စေရန်နှင့် လုံခြုံမှုအထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ လမ်းမီးများစစ်ဆေးပြုပြင်ခြင်းနှင့် အသစ်လဲလှယ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အင်းစိန်မြို့နယ်အတွင်းတွင် ဆောင်ရွက်သည်။

တနိုင်းမြို့၌ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးနှင့် အဓွန့်ရှည်ရေးအတွက်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထား ကိုးကွယ်သည့် စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး၍ သာသနာတော်ညိုးနွမ်းအောင် ဆောင်ရွက်နေကြသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်များအား ကန့်ကွက် ရှုတ်ချပွဲကို ယနေ့ နံနက် (၈) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to