မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ရေသန့်စက်အဆောက်အဦနှင့် ရေသန့်စက် နှစ်လုံးတပ်ဆင်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အထွေအထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင်ထားရှိမည့် ရေသန့်စက်အဆောက်အဦနှင့် ရေသန့်စက် နှစ်လုံးတပ်ဆင်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းပေးအပ်ခြင်းကို ယနေ့ ညနေ ၄ နာရီ အချိန် အဆိုပါဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း တစ်အိမ်တက်ဆင်း ကောက်ယူနေမှုများအား လှည့်လည်ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး​မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၁)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့နံနက် (၇)နာရီအချိန်မှ ညနေ (၆)နာရီအချိန်ထိ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီး၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ Hotel Training(House keeping)သင်တန်းဆင်းပွဲနှင့် လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သည့် Hotel Training (Housekeeping) သင်တန်းဆင်းပွဲနှင့် လူသုံးကုန်၊ အလှကုန်ထုတ်လုပ်မှု၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (တောင်ကြီး) ရှိ ဘက်စုံသုံးခန်းမ၌ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်အတူ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

ဗိုလ်တထောင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအားတာဝန်ရှိသူများ ကြည့်ရှုအားပေး

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ဗိုလ်တထောင်မြို့နယ်အတွင်း အောက်တိုဘာလ(၁) ရက်နေ့မှစတင်၍ သက်ဆိုင်ရာသန်းခေါင်စာရင်းကောက်ကွက်များအလိုက် ကောက်ယူလျက်ရှိပြီး ယမန်နေ့က လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု ခရိုင်/မြို့နယ် သန်းခေါင်းစာရင်း ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ရမည်းသင်းခရိုင်/မြို့နယ်သန်းခေါင်းစာရင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကွင်းဆင်းကြည့်ရှု အားပေးကြသည်။

တာချီလိတ်မြို့၌ ရေကြီးရေလျှံဖြစ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆွေးနွေးဆောင်ရွက်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် မြို့သာယာလှပရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တင်ကျန်ရစ်သော ရွှံ့နွံများအမြန်ဆုံး ဖယ်ရှားလင်းလင်းနိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်း၌ အောင်မြတ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဖျာပုံမြို့နယ်အတွင်း စားအုန်းဆီ ဝယ်ယူခွင့် စာအုပ်များအား ပြည်သူ့လက်ဝယ်အရောက် ဆက်လက်ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်အတွင်း စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များအား ပြည်သူ့လက်ဝယ်အရောက် လိုက်လံထုတ်ပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့၊ အမှတ် (၁၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဖြန့်ဝေပေးကြခဲ့သည်။

သန်လျင်ခရိုင်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆက်လက်ကောက်ယူ

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ဆက်လက်ကောက်ယူလျက်ရှိရာ ယမန်နေ့နံနက်တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်များတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးအောင်မြင့်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ သန်လျင်နှင့်ကျောက်တန်းမြို့နယ်တို့မှ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များသည် ရပ်ကွက်နှင့်ကျေးရွာများအတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

မင်းလှမြို့နယ်ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို အောက်တိုဘာလ ၉ ရက်နေ့နံနက် (၉)နာရီခွဲက မင်းလှမြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ စတင်ကောက်ယူ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် ယမန်နေ့နံနက် ၇ နာရီခွဲအချိန်ကစတင်ပြီး မြို့ပေါ်ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း ကောက်ယူကြသည်။
Subscribe to