နတ်မောက် အောက်တိုဘာ ၁၁
နိုင်ငံတော်အစိုးရက ပြည်သူများ စာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များ ဖွင့်လှစ်ထားရှိနိုင်ရေးနှင့် ရပ်ကွက်/ကျေးရွာအတွင်း စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေးတို့ကို အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့လှူဒါန်ငွေဖြင့် နတ်မောက်မြို့နယ် မြို့မရပ်ကွက်ရှိ စုံနံသာမြိုင်စာကြည့်တိုက်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ နေ့လည် (၂) နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အဆင့်စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်တို့က စာကြည့်တိုက်အဆင့်မြှင့်တင်ခြင်းအတွက် ထောက်ပံ့လှူဒါန်းငွေဖြင့် စာအုပ်စာစောင်နှင့် ပရိဘောဂများဝယ်ယူ ဖြည့်တင်းထားမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မူမူစန်း