ကူမဲမြို့နယ်ခွဲတွင် ရေဘေးသင့်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပုံးများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

ကျောက်ဆည် အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ရေဘေးသင့်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပုံးများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးက ရေဝင်နစ်မြုပ်ခဲ့ပြီး ပျက်စီးခဲ့သည့်လူနေအိမ် မိသားစုဝင်များ အဆင်ပြေစေရေး ထောက်ပံ့ပစ္စည်းများပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်စု (၁၅) အုပ်စု၊ ကျေးရွာ (၁၇)ရွာတို့မှ လုံးဝရေမျောပျက်စီးခဲ့သည့် အိမ်ခြေ (၁၉၂)လုံးမှ အိမ်ထောင်စု (၁၉၂)စု အတွက်  တန်ဖိုးငွေ (၂၇၆၀၀၀၈၆)ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပစ္စည်းပုံးများအား ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်