ဆီဆိုင် အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြပြီး သဘာပတိမှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အမှာစကားပြောကြားရာတွင် ကျောင်းသား/ ကျောင်းသူများ ဘက်စုံထူးချွန်တိုးတက်ပြီး ပျော်ရွှင်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတို့အတွက် စိတ်စေတနာပြည့်ဝစွာဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက ကျောင်းသား/ ကျောင်းသူများ ဘက်စုံထူးချွန်တိုးတက်ရေးနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ရန် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအလုပ်အမှုဆောင်သစ် ရွေးချယ်ခြင်း၊ ကျောင်းအကျိုးတော်ဆောင်အသစ် ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ကြပြီး မိဘဆရာအသင်းဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝင်းကြိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)