တံတားဦး အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ကန်ချောကျေးရွာအုပ်စု ရေဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ခြင်းကို တံတားဦးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အောက်တိုဘာလ(၁၀)ရက်နေ့ နံနက်(၁၀)နာရီတွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူ ဦးစိုးလွင်မှ တံတားဦးမြို့နယ် ကန်ချောကျေးရွာအုပ်စု ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားသည်။ ထိုနောက် တိုင်းဒေသကြီးဦးစီးမှူးမှ တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအား အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲတင့်( ပြန်/ဆက်)